text stringlengths 5 415 | label class label 2
classes |
|---|---|
ဥပမာအားဖြင့် လူတစ်ဦးသည် အိတ်ဆောင်ဂဏန်းတွက်စက်ကို သုံး၍ ဂဏန်းနှစ်ခု ပေါင်းခြင်းစသည့် အခြေခံဂဏန်းသင်္ချာများကို ခလုပ်တစ်ခု၊ နှစ်ခု နှိပ်၍ လွယ်လင့်တကူ တွက်ချက်နိုင်သည်။ | 0written_style |
သူမက ပျူပျူငှာငှာ ဧည့်ခံတယ်။ | 1spoken_style |
ကျောင်းပြီးသည့်တိုင် ခင်ဗျား ကြိုးစားရမည်။ | 0written_style |
မောင်လှသည် နေရန် အိမ်ဝယ်သည်။ | 0written_style |
မောင်လှ ဘယ်သူ့ဆီ သွားမလဲ။ | 1spoken_style |
နိုင်ငံခြားသားဧည့်သည်က 'မြန်မာလူမျိုးတွေက ဖော်ရွေကြတယ်' လို့ မှတ်ချက်ပေးခဲ့တယ်။ | 1spoken_style |
စာပေသည် လူသားများ၏ စိတ်ဝင်စားဖွယ်အကောင်းဆုံးနှင့် အထင်ရှားဆုံးဖော်ပြချက်များထဲမှ တစ်ခုဖြစ်သည်ဆိုသည့် စကားကဲ့သို့ပင် စာပေများသည် ခေတ်၏ကြေးမုံလည်း ဖြစ်ပါသည်။ | 0written_style |
သစ်ပင်က ထီးလို အရိပ်ပေးတယ်။ | 1spoken_style |
သတင်းတွေက သိပ်ပျံ့နေတယ်။ | 1spoken_style |
လူတွေက ကြယ်တွေရဲ့ တည်နေရာနဲ့ ရွေ့လျားပုံတွေကို မြေပုံဆွဲပြီး ရေကြောင်းသွားလာရေးအတွက် အသုံးပြုကြတယ်။ | 1spoken_style |
အဘယ်ကြောင့် ကြည့်သနည်း။ | 0written_style |
အကယ်၍ ညည်း မကျန်းမာလျှင် နားပါ။ | 0written_style |
တကယ်လို့ ကျုပ် မရှိရင် စိတ်မပူနဲ့။ | 1spoken_style |
အခု ပျံနေတယ်။ | 1spoken_style |
ပစ္စည်းက မစုံဘူး။ | 1spoken_style |
မီးမလာပေ။ | 0written_style |
မည်သည့်လမ်းမှ သွားမည်နည်း။ | 0written_style |
သို့သော် အချိန်မရှိတော့ပါ။ | 0written_style |
စင်စစ် ကျွန်မသည် ဤနေရာ၌ ပျော်ရွှင်ပါသည်။ | 0written_style |
အဲဒီအရာက ရှားပါးပေမယ့် ဈေးနှုန်း သက်သာတာကြောင့် ကျွန်ုပ် ဝယ်ယူခဲ့တယ်။ | 1spoken_style |
ပြောစရာ စကားမရှိတော့ဘူး။ | 1spoken_style |
မြို့တော်၏ တရားဝင်အမည်မှာ ရတနာပုံဖြစ်သည်။ ဘုရင်ခေတ်က မန္တလေးအား ရွှေမြို့တော်၊ ရတနာပုံရွှေမြို့တော် စသည်ဖြင့် သုံးခဲ့ကြသည်။ | 0written_style |
ပြောကြပါမည်။ | 0written_style |
စာကျက်သည်ကို ပျင်းပါသနည်း။ | 0written_style |
ပန်းပုဆရာရဲ့ လက်ရာတွေက အရမ်းသိမ်မွေ့တယ်။ | 1spoken_style |
ဒေသတွင်း စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်သင့်သည်။ | 0written_style |
ဖြေပါဦး။ | 0written_style |
ဟောင်းသော်လည်း သုံး၍ရသေးသည်။ | 0written_style |
ပြောကားပြော၏။ သို့သော် မယုံပါ။ | 0written_style |
အနီနှင့် အပြာကို ရောစပ်လိုက်၏။ | 0written_style |
အဝတ်လျှော်ရတာ အချိန်ပေးရတယ်။ | 1spoken_style |
စက္ကူသည် သံပြားကဲ့သို့ မာနေသည်။ | 0written_style |
ရကားရ၏။ သို့သော် မယူလိုပါ။ | 0written_style |
ယနေ့ စောစောထသည်။ | 0written_style |
ရေ၊ ဆီ၊ နို့ စသည့် အရည်များကို တိုင်းတာပါ။ | 0written_style |
သို့သော် သူသည် မလာခဲ့ပေ။ | 0written_style |
ကျွန်တော် ဒီလောက် မပို့ချင်ဘူး။ | 1spoken_style |
မည်သည့်စာအုပ်သည် မြန်မာ့သမိုင်းကို အမှန်ကန်ဆုံး ဖော်ပြသနည်း။ | 0written_style |
စာပေရဲ့ အနှစ်သာရ၊ ရည်ရွယ်ချက်နဲ့ ကျိုးကြောင်းဆီလျော်မှု စတဲ့ စာကောင်းပေမွန် တစ်ပုဒ်မှာ ရှိသင့်တဲ့ အချက်တွေနဲ့ ပြည့်စုံတဲ့ စာပေတွေကပဲ ကောင်းကျိုးတွေကို ပေးနိုင်တာပါ။ | 1spoken_style |
ခေတ်ပေါ်ကွန်ပျူတာတွေက စက္ကန့်ပိုင်းလောက်အချိန်အတွင်း ညွှန်ကြားချက်တွေ သန်းထောင်ချီပြီး လုပ်ဆောင်တွက်ချက်နိုင်ပြီး အမှားအယွင်းလည်း မရှိသလောက်ပဲ ဖြစ်တယ်။ | 1spoken_style |
သူမမှာသလို ဝယ်ခဲ့။ | 1spoken_style |
၁၉၁၃ ခုနှစ်မှာ ဟတ်ဇ်စပရန်း-ရပ်ဆဲလ် ပုံဆွဲနည်းကို တီထွင်ဖော်ထုတ်ခဲ့ပြီးနောက် အာကာသရူပဗေဒနဲ့ သက်ဆိုင်တဲ့ ကြယ်တွေရဲ့ လေ့လာမှုက ပိုပြီး တိုးတက်လာခဲ့တယ်။ | 1spoken_style |
ထိုအမျိုးသမီးသည် ကားဖြင့် ခရီး မသွားခဲ့ပေ။ | 0written_style |
အတွေးအခေါ်ကောင်းများသည် အောင်မြင်သော လုပ်ငန်းများ၏ အခြေခံဖြစ်သည်။ | 0written_style |
ယုံကြည်မှုဆိုတာ တန်ဖိုးရှိတယ်။ | 1spoken_style |
မောင်လှသည် မည်သည်ကို လုပ်မည်နည်း။ | 0written_style |
စာအုပ်တွေက သိပ်ဗဟုသုတရစေတယ်။ | 1spoken_style |
သူသည် မမေးလိုပေ။ | 0written_style |
မမြ ဖြည်းဖြည်း လျှောက်တယ်။ | 1spoken_style |
မည်သူ သင်သနည်း။ | 0written_style |
သူမရေးသလို ရေးကြည့်။ | 1spoken_style |
သူမဆီက အဖြေရတယ်။ | 1spoken_style |
စူပါနိုဗာကြယ်တွေကလွဲပြီး အခြားသော ကြယ်တစ်လုံးချင်းစီကို ကျွန်တော်တို့နေထိုင်ရာ ဇာတိ ဂယ်လက်ဆီ အစုအဝေးတွေထဲမှာ အဓိကအားဖြင့် လေ့လာကြတယ်။ | 1spoken_style |
ဤစာအုပ်သည် အလွန်စိတ်ဝင်စားဖို့ကောင်းသည်။ | 0written_style |
အဲဒီပုဂ္ဂိုလ်ရဲ့ ပြောကြားချက်အရ 'စည်းလုံးညီညွတ်မှုက အောင်မြင်ခြင်းကို ဆောင်ကြဉ်းပေးမယ်' ဆိုပြီး သိရတယ်။ | 1spoken_style |
၁၉၉၁ ခုနှစ် မတိုင်ခင်ကာလအထိ မန္တလေးတက္ကသိုလ်၊ မန္တလေးဆေးတက္ကသိုလ် နှင့် စစ်တက္ကသိုလ်တို့သာ အထက်မြန်မာနိုင်ငံတွင် တည်ရှိခဲ့သည်။ | 0written_style |
ဝေမျှတာကို တန်ဖိုးထားလား။ | 1spoken_style |
ကလေးငယ်က သူ့ရဲ့ လက်နဲ့ ပန်းချီကားကို ဆုတ်ဖြဲလိုက်တယ်။ | 1spoken_style |
နိုးတော့နိုးတာပေါ့။ | 1spoken_style |
လူမှုရေးပြဿနာများကို ဖြေရှင်းရန်အတွက် ပူးပေါင်းဆောင်ရွက်မှုများ လိုအပ်သည်။ | 0written_style |
စာပေမြင့်မှ လူမျိုးမြင့်မယ်၊ စာပေပျောက်ရင် လူမျိုးပျောက်မယ် ဆိုတဲ့ မြန်မာစကားပုံ ရှိပါတယ်။ | 1spoken_style |
သစ်သီးစားရသည်မှာ ကျန်းမာရေးအတွက် သင့်လျော်၏။ | 0written_style |
ဒီလမ်းက ကတ္တရာလမ်းပဲ။ | 1spoken_style |
အနားယူရန်အလို့ငှာ အိမ်ပြန်မည်။ | 0written_style |
သူမမှာသည့်အတိုင်း ဝယ်ခဲ့ပါ၊ | 0written_style |
ပုံဆွဲခြင်းကို သင်ယူလိုသလော။ | 0written_style |
ကျုပ် ဤမျှ မလျှော်လိုပေ။ | 0written_style |
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းဆောင်ရွက်ပြီး တည်ဆောက်သည့် ဘောလုံးအကယ်ဒမီ (မန္တလေး)လည်းတည်ရှိကာ အောင်မြင်သောဘောလုံးသမားများ မွေးထုတ်ပေးနိုင်ခဲ့သည်။ | 0written_style |
ကျုပ် ဤမျှ မဆင်းလိုပေ။ | 0written_style |
အနားက ဖြတ်သွားတယ်။ | 1spoken_style |
ထိုအမျိုးသမီးသည် စေတနာ ထက်သန်စွာဖြင့် အလှူအတန်းများ ပြုလုပ်ခဲ့သည်။ | 0written_style |
စာပေမြင့်မှ လူမျိုးတင့်မည်ဆိုသည့်စကားကဲ့သို့ပင် မြန်မာ့လူ့အဖွဲ့အစည်း၏ အဆင့်အတန်းအား မြှင့်တင်နိုင်ရန် မိမိတို့၏ စာပေယဉ်ကျေးမှုကို လက်ဆင့်ကမ်းစောင့်ရှောက်ကြရမည်ဖြစ်ပါသည်။ | 0written_style |
ဒါကြောင့် စာပေကို အသိဉာဏ်ရစေတဲ့ ကိရိယာတစ်ခုလို့ သတ်မှတ်ကြတာပါ။ | 1spoken_style |
အရင်ကထက် ပိုမြန်တယ်။ | 1spoken_style |
ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးက တိုင်းပြည် တိုးတက်ရေးရဲ့ အဓိက အုတ်မြစ်ဖြစ်တယ်။ | 1spoken_style |
သူ သိပ်ပင်ပန်းနေတယ်။ | 1spoken_style |
နင့်ရဲ့ အိတ်က လှတယ်။ | 1spoken_style |
ငွေကြေး ကိစ္စရပ်များတွင် ပွင့်လင်းမြင်သာမှု ရှိရန် လိုအပ်လျက်ရှိပါသည်။ | 0written_style |
ပန်းချီဆရာက သူ့ရဲ့ လက်နဲ့ ပန်းချီကားကို ရေးဆွဲခဲ့တယ်။ | 1spoken_style |
မောင်လှ ခဏနားနေတယ်။ | 1spoken_style |
အရင်ကထက် ပိုကျယ်တယ်။ | 1spoken_style |
ကျွန်ုပ် သိသရွေ့ ကူညီပါမည်။ | 0written_style |
နမ်းကားနမ်း၏။ သို့သော် မမွှေးပါ။ | 0written_style |
ဤမျက်မှန်သည် ကြည်လင်၏။ | 0written_style |
ဘယ်လို ရောင်းမလဲ။ | 1spoken_style |
ယနေ့ ဆေးရုံသွားမည်။ | 0written_style |
မြစ်ကြောင်းသည် မြို့လယ်ခေါင်မှ မစီးဆင်းပေ။ | 0written_style |
ဤအိတ်မှာ လေးလံ၏။ | 0written_style |
ညည်း မုန့်မစားနိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဗိုက်ပြည့်နေလို့။ | 1spoken_style |
ဗေဒင်ပညာကို ယနေ့ခေတ်တွင် သိပ္ပံပညာအဖြစ် မယူဆသော်လည်း ရှေးခေတ်အခါကမူ ဗေဒင်ပညာ နှင့် နက္ခတ္တပညာတို့သည် နီးစပ်စွာ ဆက်နွယ်နေကြပြီး လူတို့သည် သူတို့မြင်သမျှအရာတို့ကို ဂရုတစိုက်မှတ်တမ်းရေးကြသည်။ | 0written_style |
အကယ်၍ ကျွန်တော် ရောက်လျှင် ပြောပါမည်။ | 0written_style |
တစ်ခုတည်းသော ခြွင်းချက်ကတော့ ကြယ်အလုံးရေ သိန်းပေါင်းများစွာပါဝင်ပြီး အလင်းနှစ်သန်းပေါင်း တစ်ထောင် အကွာအဝေးမှာ ရှိတဲ့ ကြီးမားတဲ့ ကြယ်အစုအဝေးကြီးရဲ့ မှေးမှိန်တဲ့ ရုပ်ပုံတစ်ခုပဲဖြစ်ပြီး အရင်က လေ့လာတွေ့ရှိဖူးတဲ့ အဝေးဆုံးကြယ်ထက် ဆယ်ဆလောက် ဝေးတဲ့ အကွာအဝေးမှာ တည်ရှိတယ်။ | 1spoken_style |
မေးကြတာပေါ့။ | 1spoken_style |
မောင်လှသည် ပညာဆိုသည်မှာ တန်ဖိုးရှိလှ၏။ | 0written_style |
နိုင်ငံခြားကလာတဲ့ ဧည့်သည်တွေကို လှိုက်လှဲစွာ ကြိုဆိုပါတယ်။ | 1spoken_style |
“စာဖတ်ခြင်းဟူသည် စာဖတ်သူ၏ဘဝ၌ မြင့်မားသော အကွေ့အပြောင်းကို ဖြစ်ပေါ်စေသော “အသိဉာဏ်” ကို ရရှိမှသာလျှင် မှန်ကန်သော စာဖတ်ခြင်းမည်၏”ဟု မှန်ကန်သောစာဖတ်ခြင်းနှင့်ပတ်သက်၍ ဆရာကြီးဦးရွှေအောင်က ဆိုပါသည်။ | 0written_style |
ယနေ့မှစ၍ နင် မလာပါနှင့်။ | 0written_style |
တကယ်တော့ ခင်ဗျားက မှားနေတာ။ | 1spoken_style |
ဤနေရာ၌ ခေတ္တမျှော်လင့်ပါ။ | 0written_style |
နွေရာသီမှာ သိပ်ပူမယ်။ | 1spoken_style |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.